ဒါမှမဟုတ်Microsoft Store ထဲက ရှိတာပဲ သုံးလို့ရမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ဗျာ။
Windows 11 Version ပေါ်မူတည်ပြီး အပြောင်းအလဲတချို့ရှိလာပါတယ်။
Windows 11 Home Version သုံးမယ်ဆိုရင် Microsoft Account ရှိမှ Internet နဲ့ချိတ်ပြီး Setup လုပ်လို့ရတော့မှာပါ။ ကျွန်တော်တို့ အရင်တုန်းကလိုမျိုး Offline Account နဲ့ သုံးလို့မရတော့ပါဘူး။
Offline Setup လုပ်လို့ရဖို့အတွက်ဆို Windows 11 Pro သုံးမှပဲ ရနိုင်ပါတော့မယ်။
ကျန်တာအနေနဲ့တော့
Windows 7 နဲ့ Windows 8 ကူးတုန်းကလိုမျိုး အပြောင်းအလဲ သိသိသာသာကြီး မရှိလှပေမယ့် Interface အပြောင်းအလဲတချို့ရယ်၊ Gaming Focus လုပ်တဲ့ Features တွေရယ် နည်းနည်းပိုပါလာပါတယ်။
Windows 11 က UEFI Only ပဲ Official Support လုပ်တော့တဲ့အတွက် Legacy BIOS နဲ့ Computer တွေဆိုရင်Official ISO File တွေနဲ့ ချက်ချင်းတင်လို့ရမှာ မဟုတ်တော့ပါဘူး။ IT သမားတွေထုံးစံအတိုင်း Modified လုပ်ထားတဲ့ ISO File တွေသုံးပြီး တင်မှ လွယ်ပါလိမ့်မယ်။
Windows 11 ကို ကြိုစမ်းသပ်ချင်ပါတယ်ဆို ဒီ Blog ထဲမှာ ISO Download Link ရော၊ Install လုပ်နည်းပါတစ်ခါတည်းပြောပြပေးထားပါတယ် – https://bit.ly/How-To-Install_Windows11
Official ထွက်လာတဲ့အချိန်ကျရင်တော့ အခုအခြေအနေနဲ့ ဘာတွေထပ်ပြောင်းသွားလဲဆိုတာ ရေးပါဦးမယ်။
Windows 11 က ဘာတွေ သိသိသာသာပြောင်းလဲသွားလဲ ???
မနေ့ည (24ရက်နေ့ည) က Microsoft ကနေ Officially Windows 11 ကို Announce လုပ်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ သိချင်တဲ့ အချက်တွေ အတိုင်းအတာတစ်ခုထိ သိရပါပြီ။
ဘယ်တော့လောက်ထွက်မှာလဲ ?
2021 ဒီနှစ်အကုန်ကနေ 2022 ကြားထဲလောက်မှာ ထွက်ဖို့ရှိတယ်လို့တော့ ပြောတာပဲဗျ (2021 December ဝန်းကျင်လောက်မှာ စထွက်လာနိုင်ပါတယ်)။ Windows 10 သုံးနေတဲ့ Computer တွေအတွက် Minimum Requirement မှီရင် Free Upgrade လုပ်လို့ရမယ်လို့တော့ ဆိုပါတယ်။
Minimum Requirement လို့ပြောလာတော့ ???
Minimum Requirement အနေနဲ့တော့ Dual Core Processor, RAM 4GB, 64GB Storage Space and Higher လို့ အကြမ်းဖျင်း ပြောထားပါတယ်။ ခက်တာက UEFI Only ပဲ Support လုပ်တော့တာရယ်၊ TPM 2.0 ပါတဲ့ စက်တွေကျမှ “လွယ်လွယ်ကူကူ” တင်လို့ရတော့မှာပါ။
အကြီးမားဆုံးပြောင်းလဲလာနိုင်တဲ့အချက်တစ်ချက်
Android Application တွေကို Windows 11 ပေါ်မှာ တိုက်ရိုက် သုံးလို့ရလာတာပါပဲ။
Microsoft Store ထဲကနေတစ်ဆင့် Download လုပ်ပြီး သုံးလို့ရမယ်လို့တော့ အရင်ဆုံး ပြောထားပါတယ်။
အဲဒါဆိုတော့ နောင်ကျရင် Android APK တွေကို တိုက်ရိုက် Install လုပ်ပြီး သုံးလို့ရလာနိုင်သလား???
ဒါမှမဟုတ်Microsoft Store ထဲက ရှိတာပဲ သုံးလို့ရမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ဗျာ။
Windows 11 Version ပေါ်မူတည်ပြီး အပြောင်းအလဲတချို့ရှိလာပါတယ်။
Windows 11 Home Version သုံးမယ်ဆိုရင် Microsoft Account ရှိမှ Internet နဲ့ချိတ်ပြီး Setup လုပ်လို့ရတော့မှာပါ။ ကျွန်တော်တို့ အရင်တုန်းကလိုမျိုး Offline Account နဲ့ သုံးလို့မရတော့ပါဘူး။
Offline Setup လုပ်လို့ရဖို့အတွက်ဆို Windows 11 Pro သုံးမှပဲ ရနိုင်ပါတော့မယ်။
ကျန်တာအနေနဲ့တော့
Windows 7 နဲ့ Windows 8 ကူးတုန်းကလိုမျိုး အပြောင်းအလဲ သိသိသာသာကြီး မရှိလှပေမယ့် Interface အပြောင်းအလဲတချို့ရယ်၊ Gaming Focus လုပ်တဲ့ Features တွေရယ် နည်းနည်းပိုပါလာပါတယ်။
Maximize Button ပေါ် Mouse Cursor တင်လိုက်ရင် Snap လုပ်လို့ရနိုင်မယ့် Position လေးတွေ တစ်ခါတည်း ပြပေးတာမျိုး
Virtual Desktop သုံးလေးခုသုံးပြီး စိတ်ကြိုက် Customized လုပ်လို့ရလာတာမျိုးလေးတွေပေါ့ဗျာ။
Windows 11 မှာ ဘာတွေပြောင်းသွားလဲဆိုတာကို ဒီမှာ ပြည့်ပြည့်စုံစုံ ဖတ်ကြည့်နိုင်ပါတယ် – https://bit.ly/Windows11-Overview-and-Opinion
“အခက်တွေ့နိုင်တဲ့” အချက်တွေ
Windows 11 က UEFI Only ပဲ Official Support လုပ်တော့တဲ့အတွက် Legacy BIOS နဲ့ Computer တွေဆိုရင်Official ISO File တွေနဲ့ ချက်ချင်းတင်လို့ရမှာ မဟုတ်တော့ပါဘူး။ IT သမားတွေထုံးစံအတိုင်း Modified လုပ်ထားတဲ့ ISO File တွေသုံးပြီး တင်မှ လွယ်ပါလိမ့်မယ်။
လောလောဆယ် Leaked ဖြစ်ထားတဲ့ Developer Build ကို RAM 2GB HDD 160GB ပဲပါတဲ့ Celeron CPU နဲ့Laptop မှာ အဆင်ပြေပြေ သုံးလို့ရတယ်ဆိုပေမယ့် Minimum RAM 4GB လို့ပြောလိုက်တဲ့အတွက် Official ထွက်လာရင် RAM 2GB နဲ့ မရတော့တာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
(Windows 10 တုန်းက Minimum RAM 2GB ပဲလိုခဲ့တာပါ)
Windows 11 ကို ကြိုစမ်းသပ်ချင်ပါတယ်ဆို ဒီ Blog ထဲမှာ ISO Download Link ရော၊ Install လုပ်နည်းပါတစ်ခါတည်းပြောပြပေးထားပါတယ် – https://bit.ly/How-To-Install_Windows11
Official ထွက်လာတဲ့အချိန်ကျရင်တော့ အခုအခြေအနေနဲ့ ဘာတွေထပ်ပြောင်းသွားလဲဆိုတာ ရေးပါဦးမယ်။
Related Posts
Microsoft Word 2019 မှာ ပြည်ထောင်စုဖောင့် (Pyidaungsu Font) အမှန်ပေါ်အောင် ဘယ်လို ပြင်လို့ရမလဲ?
Microsoft Word 2019 သုံးတဲ့အခါ မြန်မာ Unicode ရိုက်တိုင်း တလွဲတွေပေါ်နေရင်…
Computer ကို ဝန်ပိစေတဲ့ Temporary Files တွေရှင်းပြီး ဘယ်လို ပေါ့ပါးအောင်လုပ်မလဲ?
မလိုအပ်တဲ့ Temporary Files တွေ ဘယ်လိုရှင်းကြမလဲ…
Windows Version နဲ့ Build Number ကို ဘယ်လိုစစ်မလဲ?
Windows Version, Edition, Build Number တွေဆိုတာနဲ့ ဘယ်လိုစစ်ကြမလဲဆိုတာ…
Laptop Shutdown ချတဲ့အခါ ခဏလေးစောင့်ပေးပါ။
Laptop Shutdown ချတဲ့အခါ အဖုံးတန်းမပိတ်ဘဲ ဘာလို့ ခဏလေးစောင့်ပေးသင့်တာလဲ?