If Urgent, You Can Contact +959 259009090 through Viber.

FAQ – FREQUENTLY ASKED QUESTIONS

Shopping

ရွှေရတုမှာ ရောင်းချသည့် ကုန်ပစ္စည်းများသည် အစစ်အမှန် ဖြစ်ပါသလား?

Shwe Yatu သည် မြန်မာနိုင်ငံရှိ အသိအမှတ်ပြု လက်လီ၊ လက်ကား အရောင်းကိုယ်စားလှယ်များဖြင့်သာ အလုပ်လုပ်သောကြောင့် ပစ္စည်းမှန်၊ စျေးမှန် ဖြစ်ကြောင်းကို ၁၀၀% အာမခံပါသည်။

Shopping

ရွှေရတုမှာ ရောင်းချသည့် ကုန်ပစ္စည်းများမှာ ပြင်ဆင်လဲလှယ်ခွင့်အာမခံလက်မှတ် ပါရှိပါသလား?

အထက်ဖော်ပြပါအတိုင်း မြန်မာနိုင်ငံ အိုင်တီစျေးကွက်ရှိ အသိအမှတ်ပြု ဖြန့်ဖြူးရောင်းချသူများနှင့်သာ အလုပ်လုပ်သောကြောင့် အာမခံချက်များ ပါဝင်ပြီး ဖြစ်သည်။

ပို့ဆောင်ခကို မည်သို့ တွက်ချက်ပါသလဲ?

ပို့ဆောင်ခသည် ဝယ်ယူသူ အော်ဒါလုပ်သည့် ပစ္စည်းနှင့် ပို့ဆောင်ပေးရမည့် လိပ်စာပေါ် မူတည်ပြီး အပြောင်းအလဲ ရှိပါသည်။ shweyatu.comမှာ ဝယ်ယူသူများ checkout လုပ်သည့်အခါတွင်လည်း မည်သို့မည်ပုံ ပို့ဆောင်ပေးရမည်ဆိုသည့် ရွေးချယ်မှုများကို လွယ်ကူစွာ တွေ့ရှိနိုင်ပါသည်။

ပစ္စည်းလက်ခံရှိဖို့ ဘယ်လောက်ကြာမှာလဲ?

Shwe Yatu သည် မြန်မာပြည်အတွင်းသာ ပို့ဆောင်မှု လုပ်ပေးပါသည်။ အကြမ်းမျဉ်း ကြာမြင့်နိုင်မည့် အချိန်များမှာ –

  • Mandalay Region: 1-3 Days
    မန္တလေတိုင်းဒေသကြီးအတွင်းဆိုလျင် ၁ရက်မှ ၃ရက်အထိ
  • 
Other States & Region: 2-5 Days
    အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ဆိုလျင် ၂ရက်မှ ၅ရက်အထိ

 

မည်သို့ပင်ဆိုစေကာမူ ရွှေရတုသည် ဝယ်ယူသူကို ချက်ချင်းဆိုသလို မှာယူထားသည့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို  အသုံးပြုစေလိုသော ဆန္ဒအပြည့်အဝ ရှိသဖြင့် မြန်မာပြည်အတွင်း လက်ရှိ ရှိနေသော သယ်ယူပို့ဆောင်မှု အကောင်းဆုံး လုပ်ပေးနိုင်သည့် လုပ်ငန်းများဖြင့်သာ လက်တွဲလုပ်ကိုင်လျက် ရှိပါသည်။

အော်ဒါတင်ပြီးသွားလျင် ဘာဆက်လုပ်ဖို့ လိုပါသလဲ?

ဝယ်ယူသူသို့  ရွှေရတုမှ တာဝန်ရှိသူမှ ကုန်ပစ္စည်းများ လုံခြုံချောမွေ့စွာဖြင့် တိကျမှန်ကန်အောင် ပို့ဆောင်ပေးနိုင်ရန်အတွက် တယ်လီဖုန်း သို့မဟုတ် SMS ဖြင့် မည်သို့ ဆက်လက် ဝန်ဆောင်မှုပေးသွားမည်ကို ဆက်သွယ်အကြောင်းကြားပါမည်။

Orders & Returns

ဘယ်လိုနည်းဖြင့် ငွေပေးချေနိုင်ပါသလဲ?

ရွှေရတုတွင် လက်ရှိ ကုန်ပစ္စည်းလက်ခံရရှိမှ ငွေချေစနစ်၊ ဘဏ်သို့ တိုက်ရိုက် ကြိုတင်ငွေလွှဲ စနစ်၊ ခရတ်ဒစ်ကဒ်နှင့် အမ်ပီယူကဒ်များဖြင့် ငွေပေးချေ စနစ်၊ ကုန်ပစ္စည်း လာရောက် ရွေးချယ်မှာ ငွေရှင်းစနစ်များ ချမှတ်ပေးထားပါသည်။ မကြာတော့သည့်အနာဂတ်တွင်လည်း မြန်မာနိုင်ငံသားအားလုံး အသုံးပြုနိုင်ဖို့အတွက် ငွေပေးချေမှု စနစ် အသစ်များကို ထပ်မံထည့်သွင်းပေးသွားပါမည်။

မှတ်ချက်။ ။အော်ဒါတင်ပြီး ၃ရက်အတွင်း ငွေပေးချေမှု မရှိသေးသော အော်ဒါများကို ရွှေရတုမှ အလိုအလျှောက် ပယ်ဖျက်သွားပါမည်။

အကယ်၍ ကုန်ပစ္စည်း အမှား သို့မဟုတ် အပျက် လက်ခံ ရရှိခဲ့ပါက ဘယ်လိုဖြစ်မလဲ?

ရွှေရတုမှာ ဒါမျိုး ဘယ်တော့မှ မဖြစ်ဘူးလို့ ပြောချင်ပါတယ်။ သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ခဲ့ပါက ရွှေရတုသို့ ချက်ချင်း ဆက်သွယ်ပါ။ ဖြစ်ခဲ့လျင်အတွက် ပိုမို လေ့လာနိုင်ရန် ဒီစာမျက်နှာများ Returns PolicyTerms & Conditions ကို လေ့လာ ဖတ်ရှုနိုင်ပါသည်။

ဝယ်ယူနေတုန်း အကူအညီလိုရင် ဘယ်လိုလုပ်မလဲ?

ရွှေရတုမှ ဝယ်ယူသူ လိုအပ်သည်များကို ကူညီနိုင်ရန် အောက်ပါလင့်များတွင် အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

  1. Live Chat on Website
  2. Facebook Customer Chat Shwe Yatu
  3. 09-259009090
  4. [email protected]
ကျွန်ုပ်၏မှာကြားမှု အောင်မြင်၊မအောင်မြင်ကို မည်သို့ သိရှိနိုင်မည်နည်း?

မှာကြားမှု၏ အခြေနေကို သိရှိနိုင်ရန်အတွက် Shweyatu.com တွင် Order Tracking Page ပြုလုပ်ပေးထားပါသည်။ Customer များသည် မိမိမှာထားသည် ပစ္စည်း၏ order no ကို order tracking page မှာ ထည့်ရှားခြင်းဖြင့် မိမိ၏ order သည်ဘယ်အခြေနေတွင် ရှိသလဲဆိုတာကို အလွယ်တကူးသိရှိနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Updating…
  • No products in the cart.